Skip to content

MEGA MYANMAR International
Pre School

MMi (Pre-school) ၏ရည်ရွယ်ချက်

ရှေးဦးအရွယ် ကလေးသူငယ်တို့အတွက် အရည်အသွေးမြင့် ပညာရေးကိုပေးအပ်ပြီးကမ္ဘာ့အဆင့်မီတွေးခေါ်နိုင်သော၊ ကြံဆတီထွင်မှု ပိုမိုကောင်းမွန်သော၊ ဖန်တီးဆန်းသစ်နိုင်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်ပါသည်။

အသက် (၃)နှစ်မှ (၅)နှစ်အရွယ်ကလေးများအား ဂရုတစိုက် ပြုစုစောင့်ရှောက်မှုပေးကာ ကလေးကိုယ်တိုင် ဦးဆောင်သင်ယူမှုပြုနိုင်သည့် ပတ်ဝန်းကျင်ကို ပေးအပ်နိုင်ရန် တည်ထောင်ဖွင့်လှစ်ထားသည့် Mega Myanmar International (MMi) Pre-school ဖြစ်ပါသည်။

MMi (Pre-school) ၏သင်ရိုးညွှန်းတမ်း

ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်း 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐁𝐞𝐲𝐨𝐧𝐝 (𝐋𝐁) သည် 𝐔𝐒 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 ဖြစ်ပါသည်။
𝐋𝐁 သည် 𝐏𝐫𝐨𝐜𝐚𝐫𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 နှင့် 𝐋𝐚𝐤𝐞𝐬𝐡𝐨𝐫𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 တို့၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်ပါသည်။
𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐁𝐞𝐲𝐨𝐧𝐝 သည် ထိုအဖွဲ့အစည်းများ၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ပညာရေးဆိုင်ရာနည်းဗျူဟာများ၊ အကောင်းဆုံးသော သင်ကြားရေးအရင်းအမြစ်များ၊ အဆင့်မြင့်သင်ကြားပို့ချမှု နည်းစနစ်များဖြင့် သေချာခိုင်မာ ကောင်းမွန်သော သင်ရိုး ညွှန်းတမ်းဖြစ်စေရန် ထိုအဖွဲ့အစည်းများ၏ ပံ့ပိုးထောက်ပံ့မှုကို ရရှိလျက်ရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ကြေငြာ အပ်ပါသည်။

MMi (Pre-school) ၏သင်ရိုးစံနှုန်း

ဘက်စုံဖွံ့ဖြိုးမှု ရလဒ်များ
ကလေးတစ်ဦးစီ၏ စိတ်ပိုင်းရုပ်ပိုင်း ပျော်ရွှင်ကျန်းမာမှုများအတွက် ခိုင်မာသောအခြေခံကို ပံ့ပိုးပေးနိုင်ရန် နှင့်သိမြင်မှုဉာဏ်ရည်များဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစုစုကို မြှင့်တင်ပေးပါသည်။
Contact MMi
𝐒𝐓𝐄𝐀𝐌 ဘာသာရပ်များ
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ အနုပညာနှင့် သင်္ချာဘာသာရပ်များသည် ကျောင်း၏ အဓိကအလေးပေးသင်ကြားမည့် ဘာသာရပ်များဖြစ်သည်။ ထိုဘာသာရပ်များဖြင့် ကလေးများ တက်ကြွစွာ သင်ယူနိုင်စေရန် အလေးပေးလှုံ့ဆော်ပေးပါသည်။
Contact MMi
၂၁-ရာစုအရည်အချင်းများ
သင်ရိုးညွှန်းတမ်းသည် တီထွင်ဖန်တီးနိုင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ဆက်သွယ်ဆက်ဆံရေးနှင့် ပြဿနာဖြေရှင်းခြင်းစသည့် ကျွမ်းကျင်မှုတို့ကို အသုံးပြုပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွင်း ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ကလေးများကို ပြင်ဆင်ပေးပါသည်။
Contact MMi
Previous slide
Next slide

Contact MMi Pre-school

School Location

UNITY (Mandalay) Campus
Corner of 30th &56th Street, Chan Aye Thar Zan Township, Mandalay

School Contact

Phone: 09-784160604, 09-444925755
Email: preschool@unity.edu.mm

MMi Pre-school

ကလေးတစ်ယောက်မှာရှိတဲ့ Talent နဲ့ Ability တွေကို အသုံးချပြီး သူ့ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေး ပြည့်ဝသော ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေရန် ပြုစုပျိုးထောင်ရပါမည်။ ကျောင်းသား/သူအရွယ် ကလေးငယ်များကို ပြုစုပျိုးထောင်ရာတွင် ပုံဖော်ပေးခြင်း (Shaping) ဖြစ်ရပါမည်။ ဖြစ်စေလိုသည့် ပုံစံကို ဖြစ်လာစေရန် ပုံသွင်းခြင်း (Maudling) မပြုလုပ်ရန် အရေးကြီးပါသည်။ အမှန်တရားကို ချစ်မြတ်နိုးတတ်ရန်၊ ကိုယ်ချင်းစာတရား ထားတတ်ရန်၊ ချစ်ခြင်းမေတ္တာတရားပြည့်ဝရန်၊ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်သူဖြစ်ရန်၊ စာရိတ္တကောင်းမွန်ရန် အစရှိသော မြင့်မားသော ကိုယ်ရည်ကိုယ်သွေးများ ရရှိစေခြင်းဖြင့် ကောင်းမွန်၍ ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကိုတည်ဆောက်နိုင်ရန် ကြိုးစားပေးလျှက်ရှိပါသည်။